JailBreak iDevice ကိုင်သူများမိမိစက်ကိုလေးလန်မှုမှကင်းဝေးအောင်

သူများကိုသာပြောရတာပါကျနော်လဲ Jailbreak လုပ်ထားရင် ဒီအတိုင်းမကိုင်ချင်ဘူး Springboard မှာပိာု Effect ထည့်လိုက် ဒီ Animation ထည့်လိုက်နဲ့ကြာတော့ တော်တော်ကိုလေးလာတာပါ အထူးသဖြင့် iPhone တွေပေါ့ ဖုန်းဆက်ရင်တော်တော်ဒုက္ခရောက်တာပေါ့ ပာန်းပာန်းနေတော့
စကားရှည်သွားရင် Sorry ပြောပြပါမယ် အရင်ဆုံး Installous ကနေ Memory Doctor ဆိုတာသွင်းလိုက်ပါ အရင်ကဒီ Group မှာတင်ပေးဖူးပါတယ် AppStore မှာတော့ရှာမတွေ့ဘူးဗျ အဆင်ပြေရင် လင့်လေးတင်လိုက်ပါမယ်
ဒါကတော့ဆင်ခြင်ရမယ့်အပိုင်းပေါ့ ဖြစ်နိုင်ရင်မိမိစက်ကိုEffect တွေအရမ်းမသွင်းပါစေနဲ့ အထူးသဖြင့် DreamBoard လိုကောင်တွေပေါ့ သူကတော်တော်လေးလဲလေးပါတယ် သူ့နောက်ကလိုက်ရတဲ့ Themes တွေ့ပေါ့ ပြီးတော့ အလွန်ဆုံးမိမိစက်မှာကောင်းတာဆို WinterBoard Activator SBSettings Barrel ColorKeyboard Springtomiz ဒါလောက်ဆိုရင်တောင် တော်တော်လန်းအောင်လုပ်လို့ရနေပါပြီ လှပြီး ပာန်းနေရင်လဲသုံးရတာအဆင်မပြေဘူးလေ ရိုးရိုးလေးနဲ့ Perfomance ကောင်းရင်တော်ရောပေါ့ မပာုတ်ရင်မလိုလားအပ်တာတွေဖြစ်လာပါတယ် Respring ပြန်မတက်တာတွေ Boot Logo မှာရပ်တာတွေ့ပေါ့
အဆင်ပြေပါစေ ....................Hades
 
Myanmar Play သည် Mobile နှင့်ပတ်သက်သည်များကိုကူညီနေသည့်အဖွဲ့အစည်းပါ
Mobile Applications များစွာကိုလဲ Free ရယူနိုင်ပါတယ်

www.myanmarplay.com
www.forum.myanmarplay.com
https://www.facebook.com/groups/myanmarplayapp/
 
iDevice Safari ကပဲ ipa ကိုဒေါင်းပြီးစက်ထဲတန်းသွင်းရုံပါ
iTune လဲမလို iTool လဲမလိပါဘူုး

Android တစ်ခုထဲ သူ့မှာဒေါင်းသူ့မှာသွင်းမပာုတ်ပါဘူး iDevices တွေလဲလုပ်ဆောင်နိုင်ပါတယ်

နည်းလမ်းကတော့အရင်ဆုံး
မိမိစက်က JailBreak လုပ်ထားရပါမယ်
ဒါဆိုရင် အရင်ဆုံး Cydia ကနေ Installous iFile နဲ့ Safari Download Manager ကိုဒေါင်းလိုက်ပါ
ဒီနည်းလမ်းမှာ Installous စီကမဒေါင်းပဲ သူရဲ့ Install Function ကိုပဲအသုံးပြုမှာဖြစ်ပါတယ်

အရင်ဆုံး Safari ကနေလိုချင်တဲ့ ipa တစ်ခုဒေါင်းလိုက်ပါ ပြီရင် iFile ထဲဝင်ပါ မိမိဒေါင်းထားတာဘယ်မှာမှတ်ထားတယ်ဆိုတာသိပါစေ
ဒေါင်းပြီးသွားရင်အောက်မှာပြထားပါတယ်
iFile ဝင်ပြီးရင် မိမိ ဒေါင်းထားတဲ့ ipa ကိုရှာပါပြီးရင် ပြီးရင် Cut လုပ်
Copy လုပ်လဲရပါတယ်
ပြီးရင်တော့ iFile Home ပြန်သွား ပြီးရင် Documents>>Installous>>Downloads ပြီးရင်ခုနက Cut သို့မပာုတ် Copy လုပ်ထားတဲ့ကောင်ကို Paste လုပ်လိုက်ပါ ဒါဆိုပြီးပါပြီ
Installous ထဲဝင် Downloads မှာမိမိခုနကဒေါင်းထားပြီး Copy လုပ်ထားတဲ့ကောင်ကိုတွေ့ရပါလိမ့်မယ်
 
iDevices တွင် Password ခတ်ပြီးမေ့ရင်လဲ ဒုခမများနဲ့နည်းပါ (For Jailbroken iDevices)

Android Lock ကိုအသုံးပြုမှာဖြစ်ပါတယ်
ပုံမှန်ဆိုမပါဘူး အောက်ကနည်းအတိုင်းလုပ်ဆောင်ပေါ့

-- မိမိစက်က JailBreak လုပ်ထားရပါမယ်
ပြီးရင်တော့ Cydia ထဲကိုသွားပါ  
Manage >>> Sources >>> Edit >>> Add
>>> http://sinfuliphonerepo.com/ ကိုသွင်းလိုက်ပါ <<<
ပြီးရင် စလို့ရပါပြီ Search ထဲသွားပါ Activator ဆိုတာကိုသွင်းလိုက်ပါ

(Activator ဆိုတာဘာလဲ)
Activator ဆိုတာကတော့ မိမိစက်ကို Gesture ထည့်သွင်းအသုံးပြုတာပါ

Activator သွင်းပြီးသွားရင် Android Lock XT ဆိုတာရှိပါတယ် Search ကနေရှာပြီးသွင်းလိုက်ပါ
Android Lock ကတော့ပြောပြစရာလိုမယ်မထင်ပါဘူး

နောက်ဆုံးသွင်းရမှာကတော့ iProtect ပါပဲ Sinful iPhone ကပဲယူပါ ဘာလို့လဲဆိုတော့အဲ့မှာက Full Version ရတယ်လေ
 
ဇတ်လမ်းက အခုမှစတာပါ
Activator ထဲဝင်လိုက်ပါ Safe Mode လုပ်တဲ့ပာာရွေးပြီး Gesture ကို Button အသုံးပြုရတာထားပါ
ဥပမာ Power Up Button And Power Down Butoon တွဲနိုပ်ရတာမျိုးပေါ့

ပြီးရင် iProtect မှာ သူများတွေ Pass Change လို့မရအောင် Setting ကို App Lock ခတ်လိုက်ပါ
တခြား Applications တွေကိုလည်း Lock ခတ်လို့ရပါတယ်

နောက်ဆုံးအဆင့်ပေါ့ Setting >> Android Lock XT မှာမိမိကြိုက်တဲ့ Pattern Lock ထားလိုက်တော့ပါ

ပိာု Activator နဲ့ဘာဆိုင်လဲမေးရင် ပြောပြပါမယ် မိမိ Pass မေ့သွားရင် ခုနက Activator မှာပေးခဲ့တဲ့ Gesture နဲ့ Safe Mode ကိုသွား ဒါဆို Lock တွေအကုန်ပျောက်ပါပြီ
(မူရင်း စက်မှာ ပါသော Lock မပါ)
Cydia ၀င် Manage >>> Packages ၀င် Lock ကို Uninstall လုပ်ပြီးပါပြီ

ဒီလောက်ဆိုနားလည် သဘောပေါက်လောက်ပြီထင်ပါတယ် :D
 
ဆယ်ကျော်သက် နာမည်ကြီး china Hacker မချောလေးတစ်ယောက်နဲ့ မိတ်ဆက်ပေးပါရစေ..
သူမကို Xiao Tian လို့ခေါ်ကြပါတယ်။ သူဟာ အဖွဲ့ဝင် ၂၅၀၀ ရှိတဲ့ CN Girl Security အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။
ယောင်္ကျားလေးတွေကြီးစိုးနေတဲ့ တရုတ်နိုင်ငံ Hacker လောကကြီးမှာ Hacking စိတ်ဝင်စားတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေအတွတ် CN-GS အဖွဲ့ကြီးကို တည်ထောင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ အဖွဲ့ဟာ မိန်းကလေး hacker တွေအတွတ် IT security အလုပ်ရှာဖွေပေးနိုင်ပါတယ်။ သူမရဲ့ အဖွဲ့ဝင် မိန်းကလေးတစ်ယောက်ဟာဆိုရင် အခကြေးငွေယူတဲ့ Hacking Training ၀က်ဆိုဒ်တစ်ခုထောင်နိုင်နေပါပြီ။
နောက်ထပ်နာမည်ကြီး မိန်းကလေး Hacker များကတော့
Kristina Svechinskaya
Adeanna Cooke
Ying Cracker
Raven Adler
Joanna Rutkowska
တို့ဖြစ်ပါတယ်။
 
Picture
Facebook မှတစ်ဆင့်ဆိုက်ဘာတိုက်ခိုက်သူ ၁ဝ ဦးအား FBI အဖွဲ့ဖမ်းဆီး
==================================
Facebook ဝက်ဘ်ဆိုက် အသုံးပြုသူများ၏ အကောင့်များ ကိုဝင်ရောက်၍ ဘဏ်စာရင်းအချက် အလက်များ၊ credit card နံပါတ် များကို ခိုးယူခဲ့သော အဖွဲ့တစ်ဖွဲ့အား facebook လုံခြုံရေးအဖွဲ့၏ အကူအညီဖြင့် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို (FBI) က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။ Facebook ဝက်ဘ်ဆိုက်ကို ဖောက
်ထွင်းခဲ့သူ ဟက်ကာ ၁ဝ ဦးမှာပီရူး၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင် ငံခုနစ် နိုင်ငံမှဖြစ် သည်ဟု သိရသည်။ အဆိုပါအဖွဲ့သည် ကွန်ပျူ တာ သုံးစွဲသူများထံမှ စတာလင်ပေါင် ၅၂၅ သန်းကျော် ခိုး ယူခဲ့ကြောင်း သိရသည်။ ထို့ပြင် ၎င်းဟက်ကာအဖွဲ့၏ လက်ချက်ကြောင့် ကွန်ပျူတာ ၁၁ သန်းခန့် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ပြီး သမိုင်းတွင် အကြီးမားဆုံးသော ဆိုက်ဘာတိုက် ခိုက်မှုတစ်ခုဖြစ်ကြောင်း သိရသည်။ အဆိုပါ ဟက်ကာအဖွဲ့သည် ငွေကြေးဆိုင်ရာ အချက်အလက် များနှင့် ကိုယ်ရေး ကိုယ်တာများကို ခိုးယူသိရှိ နိုင်ရန် ကြိုတင်ကြံ စည် ထားပြီး "Yahos" software ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြ၀တီFacebook ဝက်ဘ်ဆိုက် အသုံးပြုသူများ၏ အကောင့်များ ကို ဝင်ရောက်၍ ဘဏ်စာရင်းအချက် အလက်များ၊ credit card နံပါတ် များကို ခိုးယူခဲ့သော အဖွဲ့တစ်ဖွဲ့အား facebook လုံခြုံရေးအဖွဲ့၏ အကူအညီဖြင့် ပြည်ထောင်စု စုံစမ်းစစ်ဆေးရေး ဗျူရို (အက်ဖ်ဘီအိုင်) က ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

Facebook ဝက်ဘ်ဆိုက်ကို ဖောက်ထွင်းခဲ့သူ ဟက်ကာ ၁ဝ ဦးမှာပီရူး၊
ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု အပါအဝင် နိုင် ငံခုနစ် နိုင်ငံမှဖြစ် သည်ဟု သိရသည်။ အဆိုပါအဖွဲ့သည် ကွန်ပျူ တာ သုံးစွဲသူများထံမှ စတာလင်ပေါင် ၅၂၅ သန်းကျော် ခိုး ယူခဲ့ကြောင်း သိရ သည်။

ထို့ပြင် ၎င်းဟက်ကာအဖွဲ့၏ လက်ချက်ကြောင့် ကွန်ပျူတာ ၁၁ သန်းခန့် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ပြီး သမိုင်း တွင် အကြီးမားဆုံးသော ဆိုက်ဘာတိုက် ခိုက်မှုတစ်ခုဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟက်ကာအဖွဲ့သည် ငွေကြေးဆိုင်ရာ အချက်အလက်များနှင့် ကိုယ်ရေးကိုယ်တာများကို ခိုးယူ သိရှိ နိုင်ရန် ကြိုတင်ကြံ စည် ထားပြီး "Yahos" software ကို အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 
IT Hunter ဆိုက်မှပြန်လည်ဝေမျှထားခြင်းဖြစ်ပါသည်
ကျွန်တော်တို့မြန်မာနိုင်သား အင်တာနက်သုံးစွဲသူတွေအနေနဲ့ gmail အကောင့်အသစ်ဖွင့်တာနဲ့ ပတ်သက်ပြီး စိတ်ကသိကအောက် သိပ်ဖြစ်ရပါတယ် .. အကောင့်တစ်ခုဖွင့်ဖို့ ဖုန်းနံပါတ်ကလည်း သုံးချင်တိုင်းသုံးမရ .. google ရဲ့ပြောင်းလဲနေတဲ့ပေါ်လစီတွေကြောင့် ဖုန်းနံပါတ်မှမရှိရင် gmail အကောင့် အသစ်ကို လုံးဝဖွင့်လို့မရတော့မယ်အတိုင်း သိပ်စိတ်လေရပါတယ် ..
gmail အကောင့်အသစ်တစ်ခုကို ဖုန်းနံပါတ်မလိုပဲ အကျော်အခွလုပ်ပြီး ဖွင့်တဲ့နည်းကို ကျွန်တော် Facebook Group တွေထဲမှာ မျှဝေခဲ့ဖူးပါတယ် ..
ဖြစ်ချင်တော့ အဲဒီနည်းက အခု သုံးလို့မဆင်မပြေတော့ဘူးဖြစ်သွားတယ် .. (ကျွန်တော့်ရဲ့ နည်းပညာပိုင်းဆိုရာ နိမ့်ပါးမှုကြောင့်လည်း အဲဒီနည်းနဲ့ အဆင်မပြေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်)
ကဲ .. အခုတော့ တော်တော်လေးလည်း ပျော်စရာကောင်းတဲ့အပြင် အရာရာတိုင်းနီးပါးကို သိလှပါတယ်ဆိုတဲ့ Google ကို လှည့်စားပြီး gmail အကောင့်တွေ လိုသလောက်ဖွင့်နိုင်တဲ့နည်းလေးကို သူငယ်ချင်းတွေအတွက် မျှဝေပေးလိုက်ပါတယ် ..

ဒီနည်းက စိတ်ကူးပေါက်ရင် ကိုယ်လိုချင်သလောက် အကောင့်အသစ်တွေကို တစ်ထိုင်တည်း ထိုင်ဖွင့်နေလို့ရတယ်ဗျ .. ကြာလာရင် ကိုယ်လိမ်သမျှခံနေရှာတဲ့ google ကို သနားလာမိလိမ့်မယ် ..
ကဲ .. စလိုက်ကြစို့ ..

အရင်ဆုံး သူငယ်ချင်းတို့ရဲ့ Browser မှာရှိတဲ့ History တွေအကုန်လုံးကို ရှင်းပစ်လိုက်ပါ (History တွေပဲနော် Bookmark တွေကိုပြောတာဟုတ်ဘူး) မရှင်းရင်လည်းရပါတယ် .. တစ်ခါတစ်ခါ History တွေကြောင့် google က လိမ်ရခက်သွားတတ်လို့ပါ ..
ကဲ .. အဆင်သင့်ဖြစ်ပြီဆိုရင် www.gmail.com ကိုသွားပြီး Create an account ကိုနှိပ်ပါ (ဒါကတော့ မဆန်းပါဘူး gmail အကောင့်ဖွင့်ဖူးသူတိုင်း ဒီအဆင့်ရဲ့နောက်ပိုင်းအဆင့်တွေကိုရော သိပါတယ်)
အကောင့်အသစ်ဖွင့်မယ့် Form ကျလာပြီဆိုရင် အဲဒီထဲမှာ ကိုယ်လိုချင်တဲ့နံမည်ကို ထည့်ပြီး ဖြည့်စရာရှိတာတွေကို ဖြည့်လိုက်ပါ .. email လိပ်စာထည့်ရတဲ့နေရာမှာ လိပ်စာတူရှိနေရင် အဆင်ပြေတဲ့တစ်ခုကို ပြောင်းပေးရမှာပါ .. (ဒါကလည်း လုပ်ရိုးလုပ်စဉ်ပါပဲ)
အဲဒီလို အကောင့်သစ်အတွက် Form ကိုဖြည့်တဲ့နေရာမှာ မဖြစ်မနေလုပ်ရမှာက mobile phone နဲ့ Location ရဲ့အကွက်တွေမှာ United States ကိုမဖြစ်မနေ ရွေးပေးထားဖို့ပါ .. အောက်မှာ ပုံနဲ့ပြထားပါတယ်
အဲဒီထဲက mobile phone အောက်ကအကွက်ထဲမှာ United States ရဲ့အလံတံဆိပ်ဘေးမှာ +1 ဆိုပြီး ပေါ်နေတာလေးကို သတိထားမိမှာပါ .. အဲဒီ +1 လေးရဲ့နောက်မှာ နံပါတ်တစ်ချို့ ရိုက်ထည့်ရမှာမို့ သတိထားမိအောင်လည်း ပြောထားတာပါ .. သူဖြည့်ခိုင်းတဲ့ စာလုံးနှစ်လုံးဖြည့်တာတွေ I agree to .. ရဲ့ရှေ့မှာ အမှန်ဖြစ်လေးတပ်တာတွေကို လုပ်ထားပါ .. Next step ကိုတော့ မနှိပ်သေးပါဘူး +1 ရဲ့နောက်မှာ ထည့်ဖို့ ဖုန်းနံပါတ်လေး သွားတောင်းရဦးမှာမို့ပါ ..
ကဲ .. ဘယ်မှာသွားတောင်းမလဲ .. အများကြီးရှိတယ် .. (Free နော် ..)

သူငယ်ချင်းတို့ရဲ့ Browser ကို Tab အသစ်တစ်ခုထပ်ဖွင့်လိုက်ပါ ..
ပွင့်လာတဲ့ tab အသစ်ရဲ့ Address Bar မှာ www.pinger.com/tfw/ လို့ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ
အောက်ကပုံအတိုင်း Website တစ်ခုဖွင့်လာပါလိမ့်မယ် ..
အဲဒီထဲက Sing Up Free ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်းပွင့်လာပါမယ်
အဲဒီထဲက ဖြည့်ရမယ့်နေရာတွေမှာ အဆင်ပြေသလိုလိုက်ဖြည့်ပေးပါ .. email နေရာမှာတော့ အစောပိုင်းက သူငယ်ချင်းတို့ gmail အကောင့်သစ် Form မှာ ထည့်ထားတဲ့ email လိပ်စာကို ထည့်ပေးလိုက်ပါ . (တစ်ကယ်တော့ စိတ်ကူးထဲရှိရာ email လိပ်စာကို ထည့်ပေးလိုက်လို့ရတယ်)
ပြီးရင် I agree to ... ရဲ့ရှေ့မှာ အမှန်ဖြစ်ထည့် သူရိုက်ခိုင်းတဲ့စာလုံးကို မှန်အောင်ရိုက်ထည့်ပေးပြီး Create ကိုနှိပ်ပေးလိုက် (ပြောထားဦးမယ် username နေရာမှာ စာလုံးအသေးတွေပဲထည့်ရမယ် 16 လုံးထက်လားမသိဘူး မကျော်ရဘူး) .. Create ကိုနှိပ်ပြီးရင် နံမည်တူတာတို့ password နှစ်ခုမကိုက်တာတို့ သူရိုက်ထည့်ခိုင်းတဲ့စာလုံး မှားတာတို့ဖြစ်ရင် နောက်ထပ်ပြန်ပြင်ပေးရပါတယ် ..
ကဲ .. Create ကိုနှိပ်ပြီး အဆင်ပြေသွားပြီဆိုရင်တော့ အောက်ကပုံလေးတက်လာပါမယ် ..
အဲဒီထဲက ကျွန်တော် 12345 လို့ပြထားတဲ့နေရာမှာ အဲဒီအတိုင်းရိုက်ထည့် (တစ်ခြားဂဏန်း ၅ လုံး လည်းရတော့ရတယ် error တက်တာများတယ် .. ဒါကြောင့် 12345 ကိုပဲ ရိုက်ထည့်လိုက်ပါ)
Gender နေရာမှာ ကျား/မ ကြိုက်တာရွေးပြီး အမှတ်တပ်ပေး Age နေရာမှာ ကြိုက်တဲ့အသက်ကို ရွေးပေး (၁၃ နှစ်အောက်ရွေးမိရင် Error တက်လာတတ်ပါတယ်)
ပြီးရင်တော့ Find ကိုနှိပ်ပေးလိုက်ပါ .. အောက်ကပုံအတိုင်းပေါ်လာပါမယ် ..
အဲဒီလို ကျလာတဲ့ ဖုန်းနံပါတ်တွေထဲက ကိုယ်ကြိုက်တဲ့ တစ်ခုကို ကလစ်ပေးပြီး Confirm ကိုနှိပ်ပေးလိုက်ပါ .. (မအားတော့တဲ့ နံပါတ်ဖြစ်နေတယ်ဆိုရင် နောက်တစ်ခုကိုပြောင်းပြီး ကလစ် Confirm ကိုထပ်နှိပ် ..) ကျွန်တော်က အပေါ်ဆုံးကနံပါကိုရွေးပြီး Confirm ကိုနှိပ်လိုက်တာ အဆင်မပြေလို့ တစ်ခုပြီး အဲဒီလိုရွေးသွားလိုက်တော့ 1(518) 293-2077 ဆိုတဲ့ လေးခုမြောက်က ဖုန်းနံပါတ်ကိုရလိုက်တယ် ..
ကဲ .. ဖုန်းနံပါတ်အလွတ်တစ်ခုကိုရလို့ Confirm ကိုနှိပ်ပြီး နောက်တစ်ဆင့်တက်သွားရင် အောက်ကပုံအတိုင်းပွင့်လာပါမယ် ..
အဲဒီထဲက Cancle ကိုနှိပ်ပေးလိုက်ရင် အောက်ကပုံလေးပွင့်လာပါမယ် . ( cancel ကိုပဲ နှိပ်ရမှာပါ ok ကိုသွားနှိပ်ရင် တိုင်ပတ်ပြီနော်)
အဲဒီထဲက ညာဖက်အပေါ်ထောင့်နားက options ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..

အဲဒီထဲက အပေါ်ဆုံးမှာရှိတဲ့ ဖုန်းနံပါတ်ထဲက 1 ကိုချန်ထားခဲ့ပြီး နောက်ကနံပါတ်တွေကို
ကော်ပီကူးယူလိုက်ပြီး ok ကိုနှိပ်ပေးလိုက်ပါ .. ဖုန်းနံပါတ်တစ်ခုကို အသုံးပြုခွင့်ရပါပြီ ..
(gmail form မှာက +1 ဆိုတာလေး ပါပြီးသားလေ . ဒါကြောင့် 1 မလိုဘူး)
နံပါတ်ကို ကော်ပီယူပြီးပြီဆိုရင်တော့ gmail အကောင့်ဖွင့်ဖို့ Form ဖြည့်ထားတဲ့ tab ကိုပြန်လာပါ ..
အဲဒီထဲက mobile phone ဆိုတဲ့အကွက်ထဲက +1 နောက်နားပါကပ်ပြီး ကလစ်ပေးလိုက်ပါ .. ပြီးရင် ကော်ပီယူလာတဲ့ ဖုန်းနံပါတ်ကို Paste (ctrl + V ) လုပ်လိုက်ပါ .. အောက်မှာကျွန်တော်ရခဲ့တဲ့ နံပါတ်ကို ထည့်ပြထားပါတယ် .
အဲဒီထဲမှာ +1 ရဲ့နောက်မှာ ကွင်းစကွင်းပိတ်နဲ့ ဂဏန်းပဲရှိတာကို သတိပြုပါ .. +1 ရဲနောက်မှာ space bar တစ်နေရာမှမခြားပဲ ကော်ပီယူလာတဲ့ ဖုန်းနံပါတ်ကို ထည့်လိုက်တာဖြစ်ပါတယ်(ဒီဖုန်းနံပါတ် ထည့်တဲ့နေရာမှာ မှားရင် ဂွမ်းပါပြီ)
I agree မှာ အမှန်ခြစ်တပ်ထားမထား ပြန်စစ်ပါ .. Location မှာ United States ဟုတ်မဟုတ် သေချာစစ်ပါ ..
အားလုံးမှန်ပြီဆိုရင်တော့ Next step ကို နှိပ်ပေးလိုက်ပါ .. အောက်က ပုံလေး ပွင့်လာတာကို တွေ့ရလိမ့်မယ်
အဲဒီထဲက Next step ကိုနှိပ်လိုက် .. အောက်ကအတိုင်းပွင့်လာမယ်
အဲဒီထဲက Continue to Gmail ကိုနှိပ် .. အောက်မှာဘာပွင့်လာသလဲကြည့်လိုက်ပါ
mail အကောင့်အသစ်တစ်ခု သေချာပေါက် ပိုင်သွားပြီကွ ..

ပြင်းနေပြီလားဗျ .. မပြေင်းသေးရင် .. အဲဒီအကောင့်ကို Sign Out လုပ်ပြီး ထွက်လိုက်ပါဦး ..
ပြီး ရင် .. Gmail အကောင့် အသစ်ဖွင့်တဲ့အဆင့်ကိုပဲ အစကနေပြန်သွားပါ ..
အကောင့်သစ်အတွက်ဖြည့်ရမယ့် Form မှာ အဆင်ပြေသလိုဖြည့်ပြီး mobile phone အကွက်ထဲမှာ United States ကိုရွေး +1 ရဲ့နောက်မှာ စောစောက သုံးခဲ့တဲ့ ဖုန်းနံပါတ်ကို ပြန်ပြီးထည့်
Location နေရာမှာလည်း United States ကိုပြန်ရွေး
သူဖြည့်ခိုင်းတဲ့ စာလုံးနှစ်လုံးကို ရိုက်ထည့်
I agree to .... ရဲ့ရှေ့မှာ အမှန်ခြစ်တပ်
Next step ကိုနှိပ် ..
ဟိုက် ... နောက်ထပ် အကောင့်အသစ်ခု ထပ်ရပြန်ရောဟ ..
ဗျာ .. တတိယမြောက်အကောင့်လား ... တော်ရောပေါ့ဗျာ .. ဘာဖုန်းမှလည်း မသုံးပဲ google ဆီက ဘတ်ကီးပြပြီးယူလိုက်တာ .. တတိယမြောက်အကောင့်ရောက်ရင်တော့ google က သူငယ်ချင်းကို သတိထားမိသွားပြီး Verification Code တောင်းလာပါလိမ့်မယ် .. ဟုတ်ကဲ့ .. မဖြစ်မနေ ရချင်ရင်တော့ ဒီပို့စ်ကြီးရဲ့ အစအဆုံးပြန်လုပ်ပေါ့ဗျာ ..
ကြိုက်သလောက် လုပ်လို့ရပါတယ် ..
ဟို Pinger မှာဖွင့်ထားခဲ့တဲ့ tab ကိုတော့ ပိတ်ချင်ပိတ်ပစ်လိုက် .. လျှောက်ကလိချင်သေးရင် ကလိလိုက်ဦး .. ကျွန်တော်တို့က သူ့ကို ဖုန်းနံပါတ်လေး ခဏလောက် သွားငှားရုံပဲ သုံးလိုက်တာလေ ..
တစ်ခုခုမရှင်းတာတို့ရှိလာခဲ့ရင် ပြန်ပြောပါဗျာ ..
အဆင်မပြေစရာ Error တွေ တွေ့လာရင်လည်း ကျွန်တော့်ကို ပြန်ပြီး မျှဝေကြပါဦး
ကဲ .. gmail အကောင့်တွေ တစ်လှေကြီး မြန်မာနိုင်ငံသား သူငယ်ချင်းအပေါင်း  ပျော်ရွှင်နိုင်ကြပါစေဗျာ .

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
 
ပြည်တွင်းမှ Gtalk Account ဖွင့်နည်း
အကောင့်ဖွင့်ရတာ မခက်ပါဘူး။ ကျပ် ၉ထောင် ပေးစရာမလိုပါဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖွင့်လို့ရတဲ့ နည်းလမ်းရှိပါတယ်။
၁။ ကိုယ့်မှာ Gmail account ရှိပြီးလျှင်သော်၎င်း၊ မရှိလျှင် သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး ကိုယ့် Email ကို ပြန်၍ Invite လုပ်ပါ။ Gmail ထဲက ဘယ်ဖက် Invite ဆိုတဲ့အကွက်မှာ လုပ်ပါ!
၂။ Invite လုပ်ပြီးရင်... Google မှ သင့်ထံ Account အသစ်ကို Create လုပ်ဖို့ Sign Up Link ပို့လိမ့်မယ်။
၃။ *Sign Up* ဆိုတဲ့ လင့်ကို (Right-Click, Copy Link Location)နှိပ်ပါ။
၎။ ***Internet Explorer ကိုဖွင့်၍ Address bar မှာ ခုနတုန်းက Copy လုပ်ထားတဲ့ Sign Up link ကို Paste လုပ်ပါ။
၅။ Account Create Page ပေါ်လာရင် လိုအပ်တာတွေဖြည့်စွက်ပါ။ (First Name, Last Name, Username, D.O.B, Security     Question စသည် ဖြည့်လိုက်ပါ။
၆။ သတိ** Security Question မှာ ဖုန်းနံပါတ်ဆိုတဲ့ မေးခွန်းကို ရှောင်ပါ။ Secondary Email ကို ကိုယ့်သူငယ်ချင်းရဲ့ Email သို့မဟုတ်၊ ကိုယ့်ရဲ့ အရင် Gmail အဟောင်းကို ဖြည့်ပေးပါ။
၇။Location ဆိုတဲ့ နေရာ မြန်မာပြည်ကလွဲလို့ တခြား နိုင်ငံတွေကို ရွေးလိုက်ပါ။ စမ်းသပ်ချက်အရ- Thailand, Laos, Australia, Cambodia, Sri-Lanka, India စတဲ့နိုင်ငံတွေကို ရွေးပါ။ United States, UK, Japan, , Russia, Korea, China စသော နိုင်ငံတွေကိုရှောင်ပါ။
၈။ ကွက်လပ်များကို မှန်အောင်သေချာစစ်ပါ၊ နောက်တစ်ခါ ထပ်ဖြည့်ရတာမျိုးမဖြစ်ပါစေနဲ့။
၉။ ပြီးရင် Signup/ Register လုပ်လိုက်ပါ။

ဒါဆိုရင်တော့ မိမိတို့လိုချင်တဲ့ အကောင့်အသစ်တစ်ခု ရရှိလာမှာ ဖြစ်ပါတယ်။
ရှာရင်းဖွေရင်းနဲ့တွေ့လို့မျှဝေပေးလိုက်ပါတယ် . . .
အဆင်ပြေပါစေ....