လွန်ခဲ့သောလလောက်ကမှ ဆန်ဖရန်စစ္စကိုမြို့မှာ မိတ်ဆက်ပေးခဲ့တဲ့ Apple ရဲ့ iPhone 5 ဖုန်းသစ်မှာ အများမျှော်လင့်ထားသလိုပဲ အတည်ပြုချက်ရထားတဲ့ nano-SIM စံသတ်မှတ်ချက်ကို အသုံးပြုထားပါတယ်။ ၎င်း nano-SIM ဟာ ၁၉၉၀ ခုနှစ် အစောပိုင်းမှာ GSM မိုဘိုင်းဖုန်းတွေကို မိတ်ဆက်ပေးခဲ့စဉ်က အသုံးပြုခဲ့တဲ့ Subscriber Identity Module (SIM ) ကတ် တွေရဲ့ စတုတ္ထမြောက် မျိုးဆက်လည်း ဖြစ်ပါတယ်။ iPhone 4, iPhone 4S နဲ့ iPad မှာ အသုံးပြုထားတဲ့ micro-SIM ထက် ပိုမိုသေးငယ်တာကြောင့် အခြားထုတ်ကုန်ထံ ပြောင်းလဲအသုံးပြုတဲ့အခါမှာလည်း အလွယ်တကူ ပြောင်းလဲအသုံးပြုနိုင်ခြင်းမရှိပါဘူး။ ဒါကြောင့် သုံးစွဲသူများ အတွက် အခက်ကြုံနေရတဲ့ အဆိုပါ SIM ကတ်သစ်နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့အချက်များကို ဖော်ပြလိုက်ပါတယ်။
ပထမဦးဆုံး အသုံးပြုခဲ့တဲ့ SIM ကတ်ဟာ credit card တစ်ခု အရွယ်နီးပါးရှိပါတယ်။ ဒါပေမဲ့ ကျယ်ကျယ် ပြန့်ပြန့် အသုံးပြုခဲ့ခြင်းမရှိတာကြောင့် လူသိနည်းပါတယ်။ ၎င်းကို 1FF ကတ် လို့ခေါ်ပါတယ်။

မိုဘိုင်းဖုန်း သမိုင်းမှာ အထင်ရှားဆုံးကတော့ SIM သို့မဟုတ် mini-SIM လို့ခေါ်တဲ့ 2FF ကတ် များဖြစ်ပါတယ်။

Apple iPhone 4 ထွက်ပေါ်လာချိန်မှာတော့ 3FF ကတ်လို့ခေါ်တဲ့ micro-SIM အသုံးပြုမှုဟာ ပိုမိုကျော်ကြား လာပါတယ်။ အဆိုပါ micro-SIM ကို Apple က ၂၀၁၀ ခုနှစ်မှာ စတင်အသုံးပြုခဲ့ပြီး အသုံးပြုသူများဟာ 25 x 15 mm ရှိတဲ့ mini-SIM ကို ကတ်ကြေးနဲ့ ခွဲစိတ်ခန်းသုံးဓား ဖြင့် ဖြတ်ကာ 15 x 12 mm ရှိတဲ့ micro-SIM ကို အသုံးပြုခဲ့ကြပါတယ်။

4FF ကတ်လို့ခေါ်တဲ့ Nano-SIM သစ်ကိုတော့ Apple က iPhone 5 နဲ့အတူ မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ Apple က ဒီဇိုင်းပြုလုပ်ထားတဲ့ nano-SIM ကို ဥရောပဆက်သွယ်ရေးစံသတ်မှတ်မှုအဖွဲ့အစည်း (ETSI) က ပြီးခဲ့တဲ့ ဇွန်လမှာ မိတ်ဆက်ပေးခဲ့တာပါ။ ၎င်း nano-SIM ဟာ လက်ရှိ micro-SIM ထက် ၄၀ ရာခိုင်နှုန်းသေး ငယ်ပြီး အတိုင်းအတာကတော့ အကျယ် ၁၂.၃ မီလီမီတာ၊ အမြင့် ၈.၈ မီလီမီတာနဲ့ အထူ ၀.၆၇ မီလီမီတာ ဖြစ်ပါတယ်။

Nano-SIM ဟာ အရွယ်အစားကလွဲပြီး လက်ရှိ SIM ကတ်များနဲ့ ကွဲပြားခြားမှုမရှိသလို တူညီတဲ့ အရည်အသွေး ကိုလည်း အထောက်အပံ့ပေးပါတယ်။

Nano-SIM ရဲ့ အရွယ်အစားဟာ သေးငယ်တဲ့အတွက် အားနည်းချက်ရှိပါတယ်။ သာမန် SIM ကတ်များ ကနေ ဖြတ်ထုတ်ပြီး ပြုလုပ်ထားတဲ့ micro-SIM ကတ်များနဲ့ မတူတဲ့အချက်များကတော့ nano-SIM ကို ၎င်းနည်းလမ်း အတိုင်း ပြုလုပ်နိုင်မှုမရှိခြင်းနဲ့ micro-SIM ထက် ၁၅ ရာခိုင်နှုန်း ပိုမိုပါးလွှာခြင်း တို့ဖြစ်ပါတယ်။ အကယ်၍ သာမန် SIM သို့မဟုတ် micro-SIM ကနေ nano-SIM အရွယ် ဖြတ်ထုတ်လို့ ရခဲ့ပါက SIM ကတ်အထူကို ပါးလွှာစေဖို့အတွက် ကော်ပတ်နဲ့တိုက်စားရုံကလွဲပြီး အခြားနည်းလမ်း မရှိပါဘူး။

သုံးစွဲသူတွေအနေနဲ့ nano-SIM ကတ်တွေကို ၎င်းတို့ရဲ့ ဆက်သွယ်ရေး အော်ပရေတာတွေကနေ ရရှိနိုင်ပေမယ့် nano-SIM ကတ်တွေကနေ micro-SIM နဲ့ သာမန် SIM ကတ် တို့ကို ပြောင်းလဲအသုံးပြုလို တဲ့အခါမှာတော့ adapter တွေကို အသုံးပြုဖို့ လိုအပ်ပါမယ်။ iPhone 5 ကို စတင်ရောင်းချတဲ့အချိန်မှာတော့ ၎င်း adapter များကို ဈေးကွက်ထဲမှာ တွေ့မြင်ရဖို့ ရှိပါတယ်။

Micro-SIM တစ်ခုကို nano-SIM တစ်ခုအဖြစ်  ပြောင်းလဲနိုင်သလား

 

Apple ကုမ္ပဏီက အသစ်ထုတ်လုပ်ဖြန့်ချိမယ့် iPhone 5 မှာ 4FF လို့လူသိများတဲ့ nano-SIM လို့ခေါ်တဲ့ SIM ကတ်သစ်ကို အသုံးပြုထားပါတယ်။ ဒါကြောင့် iPhone 4 ကို စတင်မိတ်ဆက်စဉ်က အသုံးပြုခဲ့တဲ့ micro-SIM (3FF) ကနေ iPhone 5 ကို အသုံးပြုလိုသူများအနေနဲ့ nano-SIM ကို အောက်ပါအတိုင်း ပြုလုပ်နိုင်ပါတယ်။

iPhone 4 နဲ့ 4S မှာအသုံးပြုတဲ့ mico-SIM ရဲ့အရွယ်အစားဟာ 15 x 12 x 0.76 mm ဖြစ်ပါတယ်။ သာမန် mini-SIM (2FF) ကနေ micro-SIM ကို ဖြတ်ရာမှာ အခက်အခဲမရှိပေမယ့် micro-SIM ကနေ nano-SIM သို့ ပြောင်းလဲ လိုတဲ့အခါမှာတော့ အခက်တွေ့နိုင်ပါတယ်။

Nano-SIM ရဲ့ အထူဟာ ၀.၆၇ မီလီမီတာ သာရှိပါတယ်။ Micro-SIM ထက် ၀.၀၉ မီလီမီတာ ပိုပြီးပါးပါတယ်။ ဒါပေမဲ့ ESTI စံသတ်မှတ်မှု အဖွဲ့အစည်းက Nano-SIM ရဲ့ အထူကို ၀.၀၃ မီလီမီတာ ထပ်ပေါင်းခွင့်ပေးထားတဲ့ အတွက် Nano-SIM ရဲ့ အထူဟာ ၀.၇၀ မီလီမီတာ ရှိပြီး micro-SIM ထက် ၀.၀၆ မီလီမီတာ ပိုပါးပါတယ်။ ဒါပေမဲ့ စင်ကာပူအော်ပရေတာ Star Hub ရဲ့ nano-SIM အထူကို micrometer screw gauge နဲ့တိုင်းတာ ကြည့်တဲ့အခါမှာ အထူဟာ ၀.၆၈ မီလီမီတာသာရှိပြီး micro-SIM ရဲ့အထူကတော့ ၀.၈၂ မီလီမီတာရှိတယ် လို့ CNET အယ်ဒီတာ John Chan က ဆိုပါတယ်။

iPhone 5 မှာ ပါဝင်တဲ့ nano-SIM tray ဟာ ESTI က သတ်မှတ်ထားတဲ့ ၀.၇၀ မီလီမီတာ အထူရှိတဲ့ nano-SIM ထည့်သွင်နိုင်တဲ့ SIM tray ဖြစ်ပါတယ်။ ဒါကြောင့် ၀.၈၂ မီလီမီတာရှိတဲ့ micro-SIM ကနေ ကော်ပတ်နဲ့ ၀.၁၂ မီလီမီတာ တိုက်စားပစ်ရပါမယ်။ Micro-SIM ကို ပလာယာနဲ့ကိုင်ပြီး ကြေးပြားမရှိတဲ့ဘက်ကို 240 grit ကော်ပတ်နဲ့ မိနစ် အနည်းငယ် တိုက်စားပြီးတဲ့အခါမှာ ၀.၇၀ မီလီမီတာ ကို ရရှိပါမယ်။ ကော်ပတ်စားတဲ့ အချိန်မှာ ဆိုးရွားတဲ့အနံ့နဲ့ အမှုန်တွေ နှာခေါင်းထဲ ဝင်နိုင်တာကြောင့် face mask ကို အသုံးပြု ပြီး ပြုလုပ်နိုင်ပါတယ်။ ဒါ့အပြင် ကော်ပတ်စားလိုက်တဲ့အခါမှာ SIM card က identify number တွေပျက်သွားမှာ ဖြစ်တဲ့အတွက် အဲ့ဒီနံပါတ်တွေကို မှတ်သားထားဖို့လိုပါတယ်။ ၀.၇၀ မီလီမီတာအထိ ကော်ပတ်စား ပြီးတဲ့အခါမှာ SIM ကို ထိခိုက်မှုမရှိစေဘဲ အသုံးပြုနိုင်ပြီး ၎င်း SIM ကို HTC One X ထဲကို ထည့်ပြီး အသုံးပြုတဲ့အခါမှာလည်း ပြဿနာမရှိဘူးလို့ Chan ကဆိုပါတယ်။ ဒါပေမဲ့ လက်ရှိ ဆောင်းပါးကို ရေးသားဖော်ပြချိန်မှာ iPhone 5 မထွက် သေးတာကြောင့် SIM ရဲ့ အလျားနဲ့ အနံကို ဖြတ်တောက်ပြီး စမ်းသပ်ပြုလုပ်နိုင်ခြင်းမရှိသေးဘူးလို့ CNET အယ်ဒီတာ John Chan က ပြောကြားခဲ့ပါတယ်။

ဒါကြောင့် micro-SIM ကို nano-SIM သို့ပြောင်းလဲမပြုလုပ်ခင်  iPhone 5 ရဲ့ nano-SIM tray မှာ micro-SIM ကို ထည့်သွင်းနိုင်ခြင်း ရှိ/မရှိ အသေအချာစစ်ဆေးပြီးမှသာ ကော်ပတ်စားတဲ့ လုပ်ငန်းစဉ်ကို ပြုလုပ်သင့်ပါ ကြောင်း အကြံပြု ဖော်ပြလိုက်ရပါတယ်။

Myanmar Play မှ Ko Zaw Won Na တင်သော Post အားပြန်လည်ဝေမျှထားခြင်းဖြစ်ပါတယ်
 
Mobile Technology

ဒီပို့စ်လေးနဲ့ပက်သက်ပြီးကျွန်တော်အရင်ဆုံးပြောချင်တာကတော့ ကိုရဲရင့်အောင်ကိုကျေးဇူးတင်ကြောင်းပါ Mobile Technology ကိုအသုံးပြုသော
interface ကွဲပြားခြားနားမှုပေါ်မူတည်၍ GSM နှင့် CDMA စနစ် ဟူ၍ ယေဘူယျအားဖြင့် နှစ်မျိုးခွဲခြားနိုင်သည်။GSM (Global System For Mobile Telecommunications)
1980 ခုနှစ်တွင် ဥရောပနိုင်ငံကြီးများတွင် Analog Cellular System ကို အသုံးပြုခဲ့သည်။ ထိုစဉ်က နိုင်ငံအသီးသီးသည် ၄င်းတို့၏ နိုင်ငံပိုင်ကွန်ယက်စနစ်နှင့် Standard များကို သီးသန့်သုံးစွဲ ခဲ့ခြင်းကြောင့် မိမိ
နိုင်ငံအတွင်း၌သာ ဆက်သွယ်မှုများ အဆင်ပြေလာခဲ့သော်လည်းကျန်သောနိုင်ငံများနှင့် ဆက်သွယ်ရာတွင် ဆက်သွယ်မှုများနှေင့်နှေးခဲ့၇သည်။၁၉၈၂ ခုနှစ်တွင် ဥရောပနိုင်ငံများအားလုံး ပါဝင်သော ညီလာခံတခုကျင်းပခဲ့ပြီး နိုင်ငံတိုင်း အသုံးပြုနိုင်သော Mobile Technology System တစ်ခုကို သတ်မှတ်နိုင်ရန် ရည်ရွယ်ပြီး Group Special Mobile (GSM) ဟုခေါ်သော အဖွဲ့အစည်းတစ်ရပ် ထူထောင်ခဲ့သည်။ထိုအချိန်မှ စ၍ GSM Network System တစ်ခုပေါ်ပေါက် ဖြစ်ထွန်းလာခဲ့သည်။ ယနေ့အချိန်တွင် ကမ္ဘာနိုင်ငံပေါင်း ၂၀၀ ကျော်ကျော်တွင် GSM Network ကို တွင်တွင် ကျယ်ကျယ် အသုံးပြုနေကြောင်းတွေ့ရသည်။ GSM ၏အမည်ကိုလည်း Golbal System For Mobile Telecommunications ဟုပြောင်းလဲ ခေါ်ခဲ့သည်။ GSM Telephone Network ၏
Standard Frenquency Band များမှာ 850 Mhz , 900 Mhz ,1800 Mhz နှင့် 1900 Mhz တို့ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိ အသုံးပြုနေသော GSM Frenquency Band မှာ 900 Mhz ဖြစ်ပါသည်။850 နှင့် 950 Mhz များသည် GSM Network ၏ အနိမ့်ဆုံး Frenquency Band များဖြစ်ပြီး 1800 နှင့် 1900 Mhz များထက် Longer Distance (Signal ရောက်ရှိနိုင်မှု အကွာအဝေး)ရှိကြောင်းတွေ့ရသည်။
1900 Mhz Frenquency Band ကို မြောက်အမေရိက၊ကနေဒါ၊တောင်အမေရိက
နိုင်ငံများတွင် အဓိက သုံးစွဲပြီးအာရှနှင့် ဥရောပ၌ သုံးစွဲသော
နိုင်ငံနည်းပါးကြောင်း တွေ့ရသည်။WCDMA (Wide Band Code Division Multiple Access)
2001
ခုနှစ်တွင် ဂျပန်နိုင်ငံ၌ စတင် အသုံးပြုခဲ့သည့် 3G(Third Generation)
Mobile Technology တစ်ခု ဖြစ်သည်။ Air Interface အနေဖြင့် UMTS (Universal Mobile Technology System) ကိုအသုံးပြုထားသည်။WCDMA ၏ Standard Frenquency Band မှာ 2100 MHZ ဖြစ်သည်။ယခုအခါ မြန်မာနိုင်ငံ တွင် ရန်ကုန်မြို့အတွင်း၌ WCDMA ကွန်ယက် ကို၇၇ှိ အသုံးပြုနိုင်ပြီ ဖြစ်သည်။
အထက်ဖေါ်ပြပါ Mobile Network System များသည် နည်းပညာပိုင်းဆိုင်ရာ အခြေခံ သဘောတရားများ
တူညီသော်လည်း အသုံးပြုသော Frenquency အနိမ့်အမြင့် ကို လိုက်၍ အားသာချက်နှင့် အားနည်းချက် များ ဒွန်တွဲ လျှက် ရှိကြောင်းတွေ့ရသည်။ High Frenquency (1900 & 2100 MHZ) ကွန်ယက်အသုံးပြုခြင်း၏ အားသာချက်–

(၁)ရာသီဥတု ပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာသော အနှောင့်အယှက်များကို ခံနိုင်ခြင်း
(၂)လိုင်းကြည်လင်ပြတ်သားပြီး နှောင့်ယှက်မှုကင်းသော connection ကိုရရှိနိုင်ခြင်း
(၃)Outdoor Antenna အသုံးပြုစရာ မလိုဘဲ Internal Antenna ဖြင့်သာ ကောင်းစွာအသုံးပြုနိုင်ခြင်း
(၄)တိုက်တာအဆောက်အအုံ
ထူထပ်သောနေရာများ၊Mobile Subscriber {Phone သုံးစွဲသူများပြားသော မြို့ပြဒေသများတွင် clear and un-interrupted (ကြည်လင်ပြတ်သားပြီး အနှောင့်အယှက်ကင်းမဲ့သော) } connection ဖြင့်
အသုံးပြုနိုင်ခြင်း၊အသုံးပြုရန် သင့်တော်ခြင်း
(၅)Network Capacity မြင့်မားခြင်း
(၆)အသုံးပြုသော Mobile Handset များ၏ Battery သက်တမ်းကို ကြာရှည်သေခြင်း တို့ ဖြစ်သည်။

အားနည်းချက်များမှာ–

(၁)Network
Coverage Area (Signal ဖမ်းယူနိုင်သော Area) မှာ Low Frenquency Band များနှင့် နှိုင်းယှဉ်လျှင် Signal Strength နည်းပါးခြင်း
(၂)High Frenquency ကိုအသုံးပြုပါက Operator Station (Base Transceiver Station)များကို တစ်ခုနှင့် တစ်ခု နီးကပ်စွာတည်ဆောက်ရခြင်းကြောင့် ကုန်ကျစရိတ် မြင့်မားခြင်း

Low Frenquency (450 MHZ) ကို အသုံးပြုခြင်း၏ အားသာချက်များမှာ–

(၁)Large Network Coverage Area( Signal ရောက်ရှိနိုင်မှု ဧရိယာ) ကျယ်ပြန့်ခြင်း
(၂)Receiving Signal ကောင်းမွန်ခြင်း
(၃)Cell
Area ကျယ်ဝန်း၍ Base Transceiber Station များကိုလည်း နီးကပ်စွာ တည်ဆောက်ရန် မလိုခြင်းကြောင့် ကွန်ယက်တိုးချဲ့ မှုများတွင် ကုန်ကျစရိတ် သက်သာခြင်း တို့ဖြစ်သည်။

အားနည်းချက်များမှာ–

(၁)Signal ရောက်ရှိနိုင်မှု ဧရိယာ ကြီးမားခြင်းကြောင့် Transmission ပိုင်းတွင် High Power Comsumption (Power သုံးစွဲ မှုများခြင်း)
(၂)အသုံးပြုသော Handset များ၏ Battery Life ကို ကျဆင်းစေခြင်း
(၃)Transmission
တွင် Power Comsumption မြင့်မားမှုကြောင့် CDMA 450 MHZ များတွင်
စကားကြာရှည်စွာ ပြောပါက Handset များပူလာခြင်း တို့ ဖြစ်ပါတယ်။

 
Google Play Store..........အကြောင်းတစေ့တစောင်း
Google play store သည် Multimedia content များကို ရောင်းချသည့် Google ၏ online store ဖြစ်သည်။ ဤ store မှ နေ၍ သီချင်း၊ ရုပ်ရှင်၊ ဗီဒီယို၊ ဂိမ်း၊ စာအုပ်နှင့် ဆော့ဖ်ဝဲများကို အခပေး၍ ဝယ်ယူနိုင်သည်။ သို့သော် အခမဲ့ရသည်တို့လည်း ရှိပါသည်။ သို့ရာတွင် Google play store သို့ ဝင်ရန် Google play store application ရှိရန်လိုသည်။ ထို application ကို မိမိ၏ tablet သို့မဟုတ် phone ပေါ်တွင် Install လုပ်ထားရန်လည်း လိုပါသည်။

Google play store ၏ အစသည် Google Market ဖြစ်သည်။ ယခင်က ဝယ်ယူထားသော Android tablet များနှင့် Smart phone များပေါ်တွင် Android market application အဟောင်း ရှိကောင်းရှိနေနိုင်ပါသည်။ Google သည် 2008 ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့တွင် Android market ကို ကြေညာလျက် online digital store လောကသို့ ဝင်ရောက်လာခဲ့သည်။

သို့ရာတွင် Phone နှင့် Tablet သုံးစွဲသူများ စတင် အသုံးပြုနိုင်သည်မှာ ၂၀၀၈ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့တွင်မှ ဖြစ်ပါသည်။ အခပေး ဆော့ဖ်ဝဲရောင်းချခြင်းကိုမူ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင်မှ စတင်နိုင်ခဲ့ပါသည်။ ထိုစဉ်က ဆောဖ့်ဝဲရေးသူ အများစုမှာ အမေရိကန်ပြည်ထောင်စုနှင့် ဂရိတ်ဗြိတိန်မှ ဖြစ်သည်။ သို့သော် ၂၀၁၀ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှစ၍ အခြားသောနိုင်ငံ ၂၉ နိုင်ငံမှ ဆော့ဖ်ဝဲရေးသူများအတွက် လမ်းဖွင့်ပေးခဲ့ပါသည်။

၂၀၁၀ ခုနှစ် ဒီဇင်ဘာလထဲသို့ ရောက်သည့်အခါ Google သည် Android market ၌ content filtering စနစ်ကို ထည့်သွင်းခဲ့သည်။ ထို့ပြင် Android market မှ ဝယ်ယူသော Application များကို မကြိုက်လျှင် ၂၄ -၄၈ နာရီအတွင်း ငွေပြန်းအမ်း ယူနိုင်သော စနစ်အစား ၁၅ မိနစ်အတွင်း ငွေပြန်အမ်းယူနိုင်သည့် စနစ်သို့ ပြောင်းလဲခဲ့ပါသည်။

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလသို့ ရောက်သည့် အခါတွင်မူ Android market သည် smart phone နှင့် tablet ပေါ်မှသာ ဝင်ရောက်နိုင်သော အရာမဟုတ်တော့။ Web client ကိုသုံးပြီး PC မှ ဝင်ရောက်နိုင်သော နေရာလည်း ဖြစ်လာပါသည်။ Android market webpage ထဲဝင်၍ request လုပ်သော Application များ (အခပေးနှင့်အခမဲ့) တို့ကို download ဆွဲချခွင့်ပြုပါသည်။ သို့သော် Android market ၌ မှတ်ပုံတင်ထားသော device တစ်ခုအား အထောက်အထားကို တောင်းပါမည်။ Download ဆွဲထားသော application တို့ကို ယင်း device တွင်း၌သာ Install လုပ်နိုင်ပါသည်။

၂၀၁၁ ခုနှစ် မတ်လသို့ ရောက်သည့်အခါ Android market သည် အဆင့်ထပ်၍ မြင့်လာပြန်သည်။ Android market တွင် Add-in application တစ်ခုထပ်ထည့်ပြီး ယင်းမှနေ၍ ငွေလက်ခံကာ Application ရောင်းချသော အဆင့်သို့ တက်လာခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် မေလကား Android market ပုံစံပြောင်းသော ကာလဟု ဆိုနိုင်ပါသည်။ New application list ကို သီးခြားဖော်ပြသည်။ အရောင်းရဆုံး application၊ အရောင်းရဆုံး ဆော့ဖ်ဝဲရေးဆွဲသူတို့ကို သာမက အယ်ဒီတာ စိတ်ကြိုက် application တို့ကို သီးခြားစာရင်းများဖြင့် ဖော်ပြလာပါသည်။ ရည်ရွယ်ချက်မှာ Smart phone နှင့် Tablet သုံးစွဲသူတို့အား application များနိုင်သမျှ များအောင် ပြသရန်ဟု ဆိုသည်။

၂၀၁၁ ခုနှစ် ဇူလိုင်လအရောက်တွင်မူ Google သည် Android market တစ်ခုလုံး၏ interface ကို ပြန်လည် ပြင်ဆင်ရေးဆွဲသည်။ အပြင်အဆင်သစ်တွင် content feature ကို ပိုမိုအလေးပေးလာသည့်ပြင် screen filter များကိုလည်း ပိုမိုထည့်သွင်းလာပါသည်။ အမေရိကန်ပြည်ထောင်စု ဈေးကွက်အတွင်း အွန်လိုင်း စာအုပ်ရောင်းချမှုနှင့် ရုပ်ရှင်ငှားရမ်းမှုကို ဖြည့်စွက် ထည့်သွင်းလာပါသည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် Android market ထဲ၌ music store တစ်ခု အသစ်တိုးလာသည်။ ၂၀၁၂ ခုနှစ် မတ်လတွင် Apk application ဖိုင်တစ်ခုအား အမြင့်ဆုံး ခွင့်ပြုအရွယ်အစား 50mb မှအထက်သို့ မြှင့်တင်ပေးခဲ့သည်။ ထို့ကြောင့် 50Mb ရှိသော Apk ဖိုင်အပြင် အပိုဆောင်းဖိုင်နှစ်ခုကို တစ်ခုလျှင် 2Gb နှုန်းဖြင့် ထပ်မံဖြည့်စွက်ခွင့် ပေးခဲ့ပါသည်။ ၂၀၁၂ ခုနှစ် မတ်လ ၆ ရက်နေ့ အရောက်တွင်မူ Android market ကို Google play store အဖြစ်သို့ အမည်ပြောင်းလဲခဲ့ပါသည်။ ၂၀၁၂ မေလတွင် Google play store တွင် ငွေပေးချေရာ၌ application သုံးပြီး ပေးချေစေသော စနစ်ကို စတင်ကျင့်သုံးခဲ့ပါသည်။

Google play application သည် open source မဟုတ်ပါ။ Google ကသတ်မှတ်ထားသော Compatibility လိုအပ်ချက်နှင့် ကိုက်ညီသော Android device များတွင်သာ ယင်းကို install လုပ်ခွင့်ပြုပါသည်။ ယင်း application ကို သုံး၍သာ Google play store သို့ အခမဲ့ ဝင်ရောက်ခြင်း application များ ရယူခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ထို့ပြင် google နှင့် လိုင်စင်ဆိုင်ရာ သဘောတူညီချက် ပြုလုပ်ဖို့လည်း လိုအပ်ပါသည်။ အစောပိုင်းတွင် Apple ၏ iPod touch နှင့် ယှဉ်ပြိုင်နိုင်စေရန် Google play နှင့် ချိတ်ဆက်သည့် Android device သည် 3G သို့မဟုတ် 4G ချိတ်ဆက်နိုင်စွမ်းရှိရမည်ဟု သတ်မှတ်ခဲ့သော်လည်း Samsung မှ Galaxy player ထွက်လာချိန်တွင် ယင်းသတ်မှတ်ချက်ကို လျှော့ပေါ့ ပေးခဲ့ပါသည်။

Google play store ၏ အဓိကလုပ်ငန်းမှာ Tablet နှင့် smart phone သုံး Application များရောင်းချရန် ဖြစ်ပါသည်။ သို့သော် Google play သည် application install လုပ်မပေးပါ။ Android device တွင်ပါသော Package Manager Service ကိုသာ install လုပ်ပေးရန် တောင်းဆိုပါသည်။ Apk ဖိုင်တစ်ခုအား device အတွင်းသို့ download ဆွဲချပြီးသည့်အခါ Pack Manager ကို တွေ့မြင်ရပါမည်။ Application များကို များသောအားဖြင့် ဖုန်း၏ Internal storage ထဲတွင် Install လုပ်သော်လည်း အချို့သော အခြေအနေများတွင် external storage card ထဲတွင် install လုပ်ပေးပါသည်။

ယနေ့အချိန်တွင် Google play store သည် အဓိကအားဖြင့် Application များကို ရောင်းချပေးနေပါသည်။ Google play မတိုင်မီ Android market အမည်ဖြင့် စတင်ချိန်က ၂၀၀၉ ခုနှစ် မတ်လ ရောက်ချိန်အထိ application စုစုပေါင်း ၂၃၀၀ သာရှိပါသည်။ ၂၀၁၂ ခုနှစ် ဇွန်လကုန်ဆုံးချိန်တွင် application နှင့် ဂိမ်းပေါင်း ငါးသိန်းအထိရှိနေပြီး download ဆွဲချမှု ၂၀ ဘီလျံ ရှိနေပါသည်။ Google play application ကို အသုံးပြုပြီး Google နှင့် ချိတ်ဆက်မှတ်ပုံတင်ထားသော device မှန်သမျှသည် (အီရန်နိုင်ငံမှလွဲ၍) Google play store မှ အခမဲ့ application နှင့် game များကို ရရှိနိုင်ပါသည်။ အခပေး Application များကိုမူ ကမ္ဘာ့နိုင်ငံပေါင်း ၁၂၉ နိုင်ငံတွင်သာ တိုက်ရိုက် ရောင်းချနိုင်ပါသေးသည်။

Install လုပ်ပြီးသား application များကို အလိုအလျောက် update လုပ်လိုလျှင်လည်း user က ကြိုတင်ရွေးချယ် သတ်မှတ်ထားနိုင်ပါသည်။ Google play သည် user device နှင့် ကိုက်ညီသော application ကိုသာ download ချနိုင်သည့် filter ထည့်ပေးထားသဖြင့် မိမိစက်နှင့် မကိုက်ညီသော application ကို install မလုပ်မိစေရန် အကူအညီ ပေးနိုင်ပါသည်။ သို့သော် မကောင်းသည့် အချက်မှာ ဖုန်းဆက်သွယ်ရေး ဝန်ဆောင်မှု ပေးသူတို့အား tethering application များကို တားမြစ်ခွင့်ပြုထားခြင်း ဖြစ်ပါသည်။

၂၀၁၂ ခုနှစ် ဇွန်လထဲတွင် ကမ္ဘာ့နိုင်ငံပေါင်း ၃၁ နိုင်ငံမှ ဆော့ဖ်ဝဲရေးသူများသည် Google play store သို့ အခပေး application များ တင်ပို့ရောင်းချနိုင်ကြပါပြီ။ သို့ရာတွင် မှတ်ပုံတင်ကြေး ၂၅ ဒေါ်လာပေးရန် လိုအပ်ပါသည်။ Application တစ်ခု၏ ရောင်းချတန်ဖိုးမှ ၇၀ ရာခိုင်နှုန်းကို ဆော့ဖ်ဝဲရေးသူက ရရှိပြီး ကျန် ၃၀ ရာခိုင်နှုန်းကို ဖုန်းဝန်ဆောင်မှု ပေးသူနှင့် ငွေကြေး စီမံခန့်ခွဲပေးသူများက ရရှိပါသည်။ Google က အကျိုးအမြတ် ရာခိုင်နှုန်း ခံစားခြင်းမရှိပါ။ ဆော့ဖ်ဝဲရေးသူများသည် Google checkout merchant account သို့မဟုတ် google adsense account မှ တစ်ဆင့် ငွေလက်ခံရရှိပါမည်။

Google play store သည် application နှင့် ဂိမ်းများသာ ရောင်းသည်မဟုတ်ပါ။ ရုပ်ရှင်ဇာတ်ကားနှင့် ရုပ်မြင်သံကြား ဇာတ်လမ်းတွဲ ထောင်ပေါင်းများစွာအား ငှားရမ်းကြည့်ရှုခြင်း (သို့မဟုတ်) အပြီးအပိုင် ဝယ်ယူခြင်း ဝန်ဆောင်မှုကိုလည်း ပေးပါသည်။ ထိုရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများအား ကြည့်ရှုရန် Google play movie application လိုပါသည်။

တေးသီချင်း ရောင်းချရေး ဝန်ဆောင်မှုမှာမူ ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် music store အမည်ဖြင့် စတင်ခဲ့သည်။ Music store သည် Google+ ၏ အစိတ်အပိုင်း တစ်ရပ်လည်း ဖြစ်သည်။ တေးသီချင်းတစ်ပုဒ်ကို ရောင်းချရာ၌ ၁.၂၉ ဒေါ်လာ၊ ၀.၉၉ ဒေါ်လာ၊ ၀.၆၉ ဒေါ်လာနှင့် အခမဲ့ဟူ၍ အတန်းအစား လေးမျိုး ခွဲခြားထားပါသည်။ ယခုအချိန်တွင် Music store ၌ Universal Music Group, EMI နှင့် Sony Music Entertainment တို့မှ အဓိက ပါဝင်ရောင်းချလျက် ရှိပါသည်။

Google play store ၏ အထင်ကရ မဟုတ်သော လုပ်ငန်းတွင် စာအုပ်ရောင်းချခြင်း ပါဝင်ပါသည်။ Google play store တွင် အခမဲ့ စာအုပ်ပေါင်း ၃ သန်းခန့်ရှိပြီး အခပေး ရောင်းချသည့် စာအုပ်ပေါင်း ထောင်ချီ၍ရှိပါသည်။ Google play website ထဲဝင်၍ စာအုပ်ဖတ်နိုင်သလို Android application သုံး၍ offline လည်း ဖတ်နိုင်ပါသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လတွင် Google သည် Nexus device များရောင်းချခြင်းကို Google play store မှနေ၍ ဝန်ဆောင်မှု ပေးလျက်ရှိပါသည်။

 
iOS 6.0.1 ထွက်ရှိလာပါပြီ ဒီ FirmWare အသစ်မှာတော့ iOS 6.0 တုန်းကပါရှိသော bug တွေကိုပြန်လည်ပြုပြင်ပေးထားတယ်လို့သိရပါတယ် ထို bug error တွေကတော့ keyboard မှာလိုင်းပေါ်နေခြင်း....Wi-Fi , Camera နဲ့ တခြားသော Error တွေပါဝင်ပါတယ်

အောက်တွင်ဖော်ပြထားသော အရာများကိုပြန်လည်ပြုပြင်ထားတယ်လို့သိရှိရပါတယ်
အောက်တွင် Myanmar Mac Support  မှသူကဘာသာပြန်ထားသည်အားပြန်လည်ဝေမျှထားခြင်းဖြစ်ပါတယ်
Users တွေစီကတကယ်ပဲအကုန်ရှင်းသွားပြီလားဆိုတဲ့ Feed Back တော့မရသေးပါဘူး
iOS 6 မှာ Map နဲ့ပတ်သက်ပြီးပြောဆိုခံရတာတွေရှိသည့်အတွက် Map ကိုပြန်လည်ပြင်ဆင်ထားတယ်လို့တော့ဆိုပါတယ်
iOS 6.0.1 က iPhone 5, iPhone 4S, iPhone 3GS, iPad 4, iPad 3, iPad 2, iPad mini, iPod touch 5, iPod touch 4 တွေမှာရပါတယ်.
မိမိ Phone Internet Connection ဖြင့် FirmWare Upgrade လုပ်နိုင်သလို
FirmWare အား Download လုပ်ပြီးလည်း iTune နဲ့ ချိတ်ဆက်ပြီး မြင့်တင်နိုင်ပါတယ်
FirmWare အားဒေါင်းလိုပါက  ----> Download firmware

ဖုန်းမှ မြင့်တင်လိုပါက over-the-air (OTA) ဖြင့်မြှင့်နိုင်ပါသည်..
Settings.app –> General –> Software Update option found on the device
                                                          
(Myanmar Mac Support မှပြန်လည်ဝေမျှထားခြင်းဖြစ်ပါတယ်)

 
ADB Driver (သို့) Google Android USB Driver သွင်းနည်း.. Android ဖုန်းတွေကို Root မယ်ကွန်ပြူတာနဲ့ချိတ်မယ်ဆို ကွန်ပြူတာက ကိုယ့်ဖုန်းကိုသိဖို့ Driver ကအဓိက ပါ ။

ADB Driver လေးသွင်းထားရင်တော့ Android ဖုန်းတော်တော်များများအတွက် Driver ကိစ္စ အိုကေပါပြီ

ADB Driver သွင်းမယ်ဆိုမှတော့ ADB Driver လေးကိုဒေါင်းထားရမှာပေါ့ ဒီမှာ ယူပါ။

http://www.mediafire.com/?yew6gna2bgkbz52

ဒေါင်းပြီးရင်တော့ရှာလို့လွယ်မဲ့နေရာမှာဖြည်ထားလိုက်ပါဥပမာ Desktop လိုနေရာ ပေါ့

ပြီးရင်တော့စပါမယ်။ ADB သွင်းနည်းကို Windows 7 နဲ့ Windows XP မှာသွင်းနည်းဆိုပြီးခွဲပြပေးသွားပါမယ်။

Window 7 မှာ ADB Driver သွင်းနည်း

အရင်ဆုံးဖုန်းကိုကွန်ပြူတာနဲ့ချိတ်ပါ။Device manager ခေါ်ပါမယ်။Device manager ခေါ်ဖို့ Keyboard မှ Windows key နဲ့ R ကိုတွဲနှိပ် ရိုက်ပြီး devmgmt.msc ရိုက်ပြီး Enter နှိပ်လိုက်ပါ

(သို့ ) Desktop ပေါ်မှ My Computer ကို Right click နှိပ် Manage ကိုနှိပ်ပါ Device Manager ထဲဝင်ပါ။Other Device ခေါင်းစဉ်အောက်တွင် Unknown Device (သို့) Android လို့ပေါ်နေပါမယ်။

အဲဒါလေးကို Right click နှိပ်ပြီး Update Driver Software ဆိုတာလေးရွေးပေးပါပြီးရင် Browse my computer for Driver Software>>အောက်ကပုံအတိုင်း Browse ကိုနှိပ် Desktop ပေါ်မှာဖြည်ထားတဲ့

Android USB Driver >>usb Driver ကိုရွေးပေးလိုက်ပါ။ထို့ နောက် Next နှိပ်ပါ Box တစ်ခုပေါ်လာရင် install this driver software anyway ကိုနှိပ်ပေးလိုက်ပါ

Windows has successfully updated your driver software လို့ ပေါ်လာရင် Driver သွင်းလို့ ပြီးပါပြီ။

Window Xp မှာ ADB Driver သွင်းနည်း

ဖုန်းကို ကွန်ပြူတာနဲ့ချိတ်ပါ Welcome to found new Hardware wizard ဆိုပေါ်ပါမယ်။ဒုတိယ အကြောင်းရွေး Next နှိပ်ပါ။ Install from a list or specifi location ကိုထပ်ရွေးပါ။

Search for the best ကို ကိုရွေး search removable media ကိုရွေးထားရင်ဖြုတ်ပါ။Include this location in the search ကို ရွေးပါ။ Browse ကိုနှိပ်ပြီး ဖြည်ထားတဲ့နေရာမှ

Driver လမ်းကြောင်းကိုပေးလိုက်ပြီး Next နှိပ်ြပီး Install လုပ်လိုက်ပါ။ပြီးပါပြီ

 
Picture
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အမေရိကန် ဆက်သွယ်ရေးဆိုင်ရာ လုံခြုံရေး ကော်မရှင် အဖွဲ့၏ Huawei အမှတ်တံဆိပ် ဖုန်းများအား အမေရိကန် နိုင်ငံအတွင်း အချက်အလက် ထောက်လှမ်းနေမှု ရှိသည်ဆိုသော စွပ်စွဲချက်ကို အဖြေပေးရန် တိကျသည့် သက်သေမရှိကြောင်း အိမ်ဖြူတော်မှ သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါ လုံခြုံရေး နည်းပညာရှင်များသည် Huawei နှင့် ZTE စမတ်ဖုန်းများအား အမေရိက ဈေးကွက်အတွင်း ရောင်းချခွင့် မပေးရန် သတိပေးခဲ့ခြင်း ဖြစ်ပြီး ၎င်းစမတ်ဖုန်းများတွင် အချက်အလက် ထောက်လှမ်းနိုင်မည့် နည်းပညာများကို အသုံးပြုထားခြင်းက အမေရိကန်နိုင်ငံမှ အခြေအနေများကို တရုတ်နိုင်ငံက အလွယ်တကူ သိရှိနိုင်ကြောင်း ထောက်ပြခဲ့ခြင်း ဖြစ်သည်။

 
ဒီဆော့ဝဲလ်လေးကို အရင်ဒေါင်းလိုက်ပါ  http://down.muzhiwan.com/mzwandroid/mzw.apk ဒေါင်းပြီးဖုန်းထဲ မှာ ရမ်းလိုက် မားကပ်လေးပါပဲ လိုချင်တဲ့ဂိမ်းကိုဒေါင်းနိုင်ပါတယ် နောက်ဆုံးထွက် ဂိမ်းတွေကအစရှိတယ် အရင်ဆို ကျွန်တော်တို့ ဖုန်းတွေမှာ Asphalt 7 မပြောနဲ့ Asphalt 5 တောင်အနိုင်နိုင်ရယ် ဆော့ရတာပါ

အခုအားလုံးအဆင်ပြေသွားပါပြီ သူတို့ပြောပြတာကတော့ apk နဲ့ gpk နှစ်မျိုးရှိတယ်တဲ့ ကျွန်တော်အခုပေးတဲ့ မားကပ်လေးကတော့ gpk လေးပါ သူကိုဒေါင်းလိုက်ရင် data file တွေ ထပ်ဒေါင်းစရာမလိုပါဘူး ရလာတဲ့ gpk ဖိုင်လေးကို ကွန်ပြူတာမှာရမ်းဖို့ ဆော့ဝဲလ်လေးတစ်ခုလိုပါသေးတယ် အဲဒါလေးကိုဒီမှာဒေါင်းပါ

http://www.mediafire.com/?ffmhfjzm2f7vdth

အဲဒီဆော့ဝဲလ်လေးကို ကွန်ပြူတာမှာရမ်းပြီးရင် PC မှာ Apk ဖိုင်တွေကို အိုင်ကွန်လိုဂိုလေးအတိုင်းပေါ်ချင်ရင် ဟိုဟာသွင်းရ ဒီဟာသွင်းရ အဲတာတွေမလိုတော့ပါဘူး အဲဒီထဲမှာရှိတဲ့ 2 MB ပဲရှိတဲ့ ကောင်လေးကို အင်စတောလုပ်လိုက်တာနဲ့ PC မှာ Apk ရဲ့ App လိုဂိုလေးတွေပေါ်လာပါပြီ စက်လဲ ရီစတတ်ချစရာမလိုပါဘူး

အဲဒီမှာ ကိုယ်ဒေါင်းထားတဲ့ gpk ဖိုင်လေးကို double click လုပ်လိုက်ယုံဖြင့် ဖုန်းထဲကို ဒါရိုက် အင်စတောလုပ်သွားပါလိမ့်မယ်

PC မှာတော့ ဖုန်း driver ရှိရပါမယ်

samsung ဖုန်းတွေအတွက် driver ဒီမှာဒေါင်းပါ http://www.samsungapps.com/mercury/about/onPc.as?COUNTRY_CODE=MYS&_isAppsDep=Y

Huawei ဖုန်းတွေအတွက် driver ဒီမှာဒေါင်းပါ http://www.huaweidevice.com/worldwide/downloadCenter.do?method=toDownloadFile&flay=software&softid=Mzk1MzA%3D

ဖုန်းထဲကို install လုပ်ချိန်မှာ USB debugging ကို on ထားရပါမယ်

ကျွန်တော်လဲရေးတာအခုမှစရေးတာမို့ အမှားတွေလဲအများကြီးပဲနေမှာ ပါ ဆရာကြီးလဲမ

ဟုတ်ပါဘူး ကျွန်တော်လိုဘ၀တူတွေ ဂိမ်းဆော့နိုင်ဖို့ မျှဝေချင်းဖြစ်ပါတယ် ခင်ဗျာ

gpk သွင်းပုံသွင်းနည်းကို ဒီဆိုဒ်လေးမှာ လေ့လာနိုင်ပါတယ်ခင်ဗျာ test.zhaoxinpeng.com/viewjy.php?id=295430f116fcc00c7e0050ad

အားလုံးပဲ HD Game အလန်းများကစားနိုင်ကြပါစေခင်ဗျာ

 
Picture
အခုဆိုရင် iPhone 5 ထွက်ပေါ်လာတဲ့အတွက်
iPhone 5 နှင့် ထွက်လာတဲ့ iOS 6 အကြောင်းကို
သိရှိနားလည်ဖို့ အတွက် iPhone 5 နှင့် iOS 6 အကြောင်းရေးထားတဲ့ PDF File တင်ပေးထားပါတယ်

iOS User Guide PDF
Download PDF File

Myanamar Mobile App Store မှပြန်လည်ဝေမျှထားခြင်းဖြစ်ပါတယ်

 
Picture

dropbox ကို50gb ရတဲ့နည်းလေးပါ။အရင်ဆုံး ဖုန်းထဲမှာရှိတဲ့ dropbox ကို unistall လုပ်လိုက်ပါ။ပြီးရင် ဒီကောင်လေးကို https://www.box.com/s/ib9j8zs45pjmep4x3kw6 recovery mode ၀င်ပြီး install zip from sd ကနေ install လိုက်ရင် ဖုန်းထဲမှာ dropbox icon လေးတိုးလာပါလိမ့်မယ် အဲဒီကနေ register လုပ်ပြီး အသစ်ဖွင့်လိုက်ရင် ဖြစ်ဖြစ် ရှိပြီးသားနဲ့ login ၀င်လိုက်ရင်ဖြစ်ဖြစ် mail ထဲကို dropbox ကနေ mail ပို့ပါလိမ့်မယ်။

အဲဒီ mail link ကနေ ၀င်ပြီး သူဖြည့်ခိုင်းတဲ့ အချက် 6 ချက်မှာ 5 ချက်လောက်ရအောင်ဖြည့်ပြီးတာနဲ့ 50gb ရပါပြီ။မသိသေးတဲ့ ညီအစ်ကိုများအတွက်ပါ။

Box ကို 50 gb ရအောင်လုပ်နည်းAntisitt Vgarden ရေးထားတာပါ

drop box လိုမျိုး online upload ပါ

Box ဆိုတဲ့ online backup store ပါ၊

box app ကို install လုပ်ပြီးရင် 5 GB free ရပါမယ်၊

50 GB အထိရအောင် hack လို့ ရပါတယ်၊ hack နည်းကတော့ အရမ်းကိုလွယ်ပါတယ်၊

အရင်ဆုံး BOX ဆိုတဲ့ http://www.1mobile.com/box-99512.html ကို ဖုန်းမှာ install လုပ်ပါ၊ပြီးရင် account တစ်ခုဖွင့်ပါ 5GB free ရပါမယ်

၊ပြီးရင် redphx-box.apk ကို download လုပ်ပြီးhttps://www.dropbox.com/s/0u44psmklzygfo4/redphx-box.apk install ထက်လုပ်ပါ၊ free 50 GB Box.com ဆိုပြီး ရှိနေပါလိမ့်မယ် ဖွင့်လိုက်ပါ

၊ပြီးရင် Email နဲ့ password နေရာမှာ ခုနတုန်းက account& password ကိုထဲ့ပြီး upgrade to 50GB ကို click လုပ်လိုက်ပါ၊ 50GB ရသွားပါပြီ၊

dropbox ထက်သုံးရတာပိုလွယ်ပါတယ်။


 
Picture





















iPad 4 ရဲ့ Model Number ကတော့ A1458 ဖြစ်ပါတယ်။
iPad 4 ကိုစတင်ဖြုတ်ကြည့်ပါပြီ ။ LCD မျက်နှာပြင် frame ကိုစပြီးဖြုတ်တဲ့အချိန်ဟာ တော်တော်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။ ဘာလို့လဲဆိုတော့ iPad တစ်လုံးကိုဘယ်လိုတည်ဆောက်ထားလဲဆိုတာ အသေးစိတ်မြင်ရတော့မှာမို့လို့ပါ။

iPad 3 အထိ Samsung ကထုတ်လုပ်တဲ့ LCD Screen ကိုသုံးစွဲခဲ့ပြီး အခု iPad 4 မှာတော့ LG ကထုတ်လုပ်တဲ့ Retina Display ကိုပြောင်းလဲအသုံးပြုထားပါတယ်။
Retina Display ရဲ့နောက်ဘက်ပိုင်းမှာ Battery, A6X Processor နဲ့ အခြား hardware တွေတပ်ဆင်ထားပါတယ်။

ဒါကတော့ iPad 4 မှာအသုံးပြုထားတဲ့ Battery ဖြစ်ပါတယ်။ iad 3 မှာအသုံးပြုထားတဲ့ Battery နဲ့အတူတူပါပဲ။

အခုမြင်တွေ့နေရတဲ့ ဆားကစ်ပြားလေးကတော့ iPad 4 မှာအသစ်တပ်ဆင်လိုက်တဲ့ မြန်နှုန်းမြင့် Processor A6X ပဲဖြစ်ပါတယ်။ အနီရောင်အကွက်နဲ့ဘောင်ခတ်ပြထားပါတယ်။

ဒါကတော A6X processor ကိုတပ်ဆင်ထားတဲ့ ဆားကစ်ပြားလေးရဲ့ နောက်ဘက်ခြမ်းပါ။

iPad 3 မှာ 30 Pin Connector ကိုတပ်ဆင်ထားပုံနဲ့ iPad 4 မှာ Mini Cable (Lighting Connector) တပ်ဆင်ထားပုံကိုနှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ဒါဆိုရင် iPad 4 မှာတပ်ထားတဲ့ Lighting Connector လေးကိုဖြုတ်ကြည့်ရအောင်။

iPad 4 မှာတပ်ဆင်ထားတဲ့ Lighting Connector လေးဖြစ်ပါတယ်။
ဒါကတော့ iPad 3 နဲ့ iPad 4 မှာတပ်ဆင်ထားတဲ့ Camera နှစ်ခုကိုနှိုင်းယှဉ်ကြည့်နေတာပါ။

iPad 4 မှာအသုံးပြုထားတဲ့ Back Camera လေးဖြစ်ပါတယ်။
ဒီလောက်ဆိုရင်တော့ iPad 4 ရဲ့အတွင်းပိုင်းတည်ဆောက်ပုံကိုလေ့လာသိရှိကြပြီလို့ထင်ပါတယ်။
(Myanmar Mobile App Store) မှပြန်လည်ဝေမျှထားခြင်းဖြစ်ပါတယ်